Lyrics

အချစ်ကိုယုံ ပုံပါတော့လဲ သက်ထားရယ် မောင်တို့မှာလေ ၁၅၀၀ခြံရံတဲ့ သာမန်ယောကျာ်းပါဗျ စာနာကာသနားသင့်တာမို့ နောင်များမထောက်ထားဖောက်ပြားမှာကို စိုးရိမ်ပါတော့တယ်။ ရှေးအခါ တွေးစရာ ပမာပုံပြခဲ့မယ် တိုင်းပြည်ဗာရာဏ၀ယ် ချောနှမယုံကွယ် ရူပါရုံ ထိုအဆင်း ကောင်းခြင်းစုံညီတယ် သမုခ္ဒသိင်္ဂီလယ် ချောလဲချောလှတယ်။ (ကျေးဇူးရှင် ဆရာတော်ဘုရားထံ ဖူးမျှော်ကန်တော့ရန် ထွက်ခွာခဲ့တယ်။ အချိန်မကလို့ ကန္တာရတောအလယ် အမောပြေအပန်းပြေ နားနေတုန်းဝယ်)၂ တာနောယက္ခ ဘီလူးနဲ့ကြုံတယ် သဒ ဓါဇောရမက်ကြွ အထူးအပခုံမင်တယ် ရူပါရုံကိုခင်တွယ် သနားဖက်ကာမစားရက်တယ်။ ဘုန်းမောင်ပြောမယ် နားဆင်သကွယ် ထားခင်နှမရယ်။ ချစ်လွန်လွန်းလို့မခွာနိုင်ပါတယ် သူ့မယားကို ရွှေကြုတ်သွင်းကာ အာခံတွင်းဝယ် ငုံထားလိုက်တော့တယ်။ [(မျက်စိအောက်က ပျောက်မှာပင်အလွန်စိုးတယ်။ မင်းကိုချစ်တာ ဖွင့်ကာပြောမယ် ယုံတော့ကွယ်။)၂ နောက်နောင်များဖောက်ပြားမှာ အလွန်စိုးတယ်။ တာနောယက္ခဘီလူးတို့လို နောင်များ မဖောက်ပြား ကြောက်အားပိုပါတယ်။] (တစ်နေ့သောအခါသမယ တူစုံမောင်မယ် မြတ်ဆရာထံတော်ရင်း ကန်တော့ပန်းဆက်ရန်ကွယ် ကုန္ဒလ္လာနန်းဥယျာဉ် ဝေေ၀ဆာဆာမာလာစုံတယ်)၂ ၀တ်မှုန်တွေသင်းပျံ့ ဆင်းရနံ့ကကြွယ် (ကြာပန်း ကြာညွန့် ကြာရိုး ကြာနွယ် ခိုင်ပန်းသွယ်သွယ်ခူးဆွတ်မယ်ပ သမုခ္ဒသိင်္ဂီမယ် ကန်တော်တွင်းမှာထားခဲ့တယ်)၂ ဝေဟင်နန်းမှမြန်းကြွတဲ့ ၀ိဇ ဇာကမြင်ပြန်လေတယ် မဆင်ခြင်မိတယ် ခင်မင်ငြိတွယ် မဆင်ခြင်မိတယ် ရွှေကြုတ်အတွင်းဝယ် အတင်းပင်ဆင်းကာပေါင်းဖော်ကြတော့တယ်။ [(မျက်စိအောက်က ပျောက်မှာပင်အလွန်စိုးတယ်။ မင်းကိုချစ်တာဖွင့်ကာပြောမယ် ယုံတော့ကွယ်။)၂ နောက်နောင်များဖောက်ပြားမှာ အလွန်စိုးတယ်။ တာနောယက္ခဘီလူးတို့လို နောင်များ မဖောက်ပြား ကြောက်အားပိုပါတယ်။] (မသိရလေးခြင်းကွယ် တာနောရဲ့ သဒ ဓါပိုတယ် ပမာဆိုမယ် တူနှစ်ကိုယ်ပျော်ပါးကြရာဝယ် ရွှေကြုတ်ဆောင်ခန်းလည် မလင်းနိုင်တဲ့ကာမဂုဏ်ချစ်ကြိုးသွယ်)၂ ကျောင်းတော်ရောက်တဲ့အခါကျတော့ ကုတ္ထိမာယာအသွယ်သွယ် ဘုန်းဆရာတော် မရှင်းသာဒီအရေးရယ် ပုန်းစရာ ပြေးကာသူပေးတယ်။ သမုခ္ဒသိင်္ဂီနွယ်ရဲ့ မယုံနိုင်စရာအကြောင်းပြကာ ၀ိဇ ဇာနဲ့ပေါင်းဖော်ကြလေတယ်။ [(မျက်စိ အောက်က ပျောက်မှာပင်အလွန်စိုးတယ်။ မင်းကိုချစ်တာဖွင့်ကာပြောမယ် ယုံတော့ကွယ်။)၂ နောက်နောင်များဖောက်ပြားမှာ အလွန်စိုးတယ်။ တာနောယက္ခဘီလူးတို့လို နောင်များ မဖောက်ပြား ကြောက်အားပိုပါတယ်။]
Lyrics powered by www.musixmatch.com
Get up to 2 months free of Apple Music
instagramSharePathic_arrow_out