Top Songs By May
Credits
PERFORMING ARTISTS
May
Performer
COMPOSITION & LYRICS
Win Khant
Songwriter
Lyrics
တစ်ကိုယ်ရည်ဆို စိတ်အသိများဟာ
နွမ်းလျလို့နေခဲ့
တစ်ကိုယ်ရည်ဆို နှလုံးသားလေးဟာ
ခြောက်ကပ်လို့နေခဲ့
မင်းပြန်မယ့်အချိန် ငါစောင့်မျှော်နေမိ
နေ့ရက်များ ငါ ရေတွက်ရင်းသာ
နေ့တွေညတွေ အမြန်ကုန်ဆုံးပါစေဟေ့
ပြတင်းတံခါးလေး ငါ မျှော်ကြည့်ရင်းသာ
မင်းလေးရှိရာ အတွေးနဲ့လွင့်မိတယ်
ခေါင်းလေးငုံ့ကာ ပွေ့ဖက်ထားချင်တယ်
အိုကွယ်
Every Moment I Miss You
ဘာတွေလုပ်လုပ် လွမ်းနေသူ
တို့ရဲ့အခန်းလေးထဲမှာ
အလွမ်းငွေ့များနဲ့ မင်းဆီသီချင်းညည်းဆို
အထိအတွေ့လေးများ လွမ်းနေလို့
ငိုခဲ့ဖူးတဲ့ မင်းရင်ဘက်
လေးငါ လွမ်းမိနေလို့
Ohhh Oh Ohhh
အတူတူရှိမယ့် ဘဝကိုပဲတောင့်တမိတယ်
မင်းသိပ်ချစ်တာ စိတ်ထဲသိနေခဲ့
ပေမယ့်
အိပ်ပျက်ညတွေတိုင်း အတွေးဆန့်မိတယ်
ဝေးလွင့်ညတွေ အမြန်အဆုံးသတ်ပါကွယ်
အိုကွယ်
Hey
Every Moment I Miss You
ဘာတွေလုပ်လုပ် လွမ်းနေသူ
ခဏလောက် မေ့ပျောက်ဖို့တောင်
မတတ်နိုင်လို့ ငါသီချင်းတွေ ညည်းရင်းငို
အထိအတွေ့လေးများ လွမ်းနေလို့
ခိုဝင်ဖူးတဲ့ မင်းရင်ဘက်လေးငါ လွမ်းမိနေလို့
မင်းရင်ဘက် လေး ငါ လွမ်းမိနေလို့
မင်းရင်ဘက် လေး ငါ လွမ်းမိနေလို့
Lyrics powered by www.musixmatch.com