Lyrics

ဟန်ဆောင်စကားတွေ ငါတစ်ခွန်းမှ မပြောခဲ့တာလည်း မင်းအသိပါပဲ ဟန်ဆောင်အလှတွေ ငါတစ်ခုမှ မပြခဲ့တာလည်း မင်းအသိပါပဲ နေချင်ရင် ကိုယ့်သဘောနဲ့နေ မနေချင်ရင် သွားပေါ့ မတားပါဘူး လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ် နေရာတိုင်း တစ်ယောက်အကြိုက် မလိုက်နိုင်ဘူး တစ်ခါငိုရရင် တစ်ခါမက ပြုံးခဲ့ဖူးတာလည်း မမေ့လိုက်နဲ့ဦး အချိန်ရှိသေးတယ် နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာ စဉ်းစားပါဦး နေချင်ရင် နေလိုက်ကြရုံ မနေချင်ရင် သွားပေါ့ မတားပါဘူး လူဆိုတာ မာနနဲ့ပါ နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး မလွယ်တာ တွေ့ရင် ပိုခက်တဲ့ တခြားဘဝတွေကို ငဲ့ကြည့်ပါဦး အလိုဆန္ဒတွေ မပြည့်လို့ အမုန်းမဖက်ခင်မှာ စဉ်းစားပါဦး နေချင်ရင် ကိုယ့်အသိနဲ့နေ မနေချင်ရင် သွားပေါ့ မတားပါဘူး လူဆိုတာ သူစွမ်းသလောက်သာ အရာရာတိုင်းတော့ လုပ်မပေးနိုင်ဘူး
Writer(s): Khual Pi Lyrics powered by www.musixmatch.com
Get up to 2 months free of Apple Music
instagramSharePathic_arrow_out