Lyrics

မင်းရဲ့မျက်လုံးလေးများက ပုလဲနဲ့မဟူရာ ပေါင်းစပ်ထားသလိုနှယ် ကော့ညွတ်သွယ် နှုတ်ခမ်းလေးများက သိပ်လှအောင် ပတ္တမြားသွေးလိမ်းကာခြယ် ကိုယ်နေဟန် အချိုးကျသူရယ် ရွှေရောင်လို အသားဝင့်ဝါတယ် သွားလေးတွေ ဖွေးဖွေးနုတယ် ပုလဲလေးတွေ သီကုံးထားသည့်နှယ် တကယ် မင်းရဲ့တစ်ကိုယ်လုံးပဲလှတယ် အဖိုးထိုက်ရတနာ ပေါင်းစုထားသလိုနှယ် ရတနာလို လှဂုဏ်ကြွယ်သူရယ် မင်းရဲ့ရင်အသည်းနှလုံးကတော့ စိမ်းကားကာ မာကျောလွန်းလှလေတယ် အဖိုးထိုက်အောင် နောက်ထပ်လို့ရယ် အသည်းနှလုံးကို ကျောက်စိမ်းနဲ့မွမ်းမံခြယ် မင်းရဲ့မျက်လုံးလေးများက ပုလဲနဲ့မဟူရာ ပေါင်းစပ်ထားသလိုနှယ် ကော့ညွတ်သွယ် နှုတ်ခမ်းလေးများက သိပ်လှအောင် ပတ္တမြားသွေးလိမ်းကာခြယ် ကိုယ်နေဟန် အချိုးကျသူရယ် ရွှေရောင်လို အသားဝင့်ဝါတယ် သွားလေးတွေ ဖွေးဖွေးနုတယ် ပုလဲလေးတွေ သီကုံးထားသည့်နှယ် တကယ် မင်းရဲ့တစ်ကိုယ်လုံးပဲလှတယ် အဖိုးထိုက်ရတနာ ပေါင်းစုထားသလိုနှယ် ရတနာလို လှဂုဏ်ကြွယ်သူရယ် မင်းရဲ့ရင်အသည်းနှလုံးကတော့ စိမ်းကားကာ မာကျောလွန်းလှလေတယ် အဖိုးထိုက်အောင် နောက်ထပ်လို့ရယ် အသည်းနှလုံးကို ကျောက်စိမ်းနဲ့မွမ်းမံခြယ် ရတနာလို လှဂုဏ်ကြွယ်သူရယ် မင်းရဲ့ရင်အသည်းနှလုံးကတော့ စိမ်းကားကာ မာကျောလွန်းလှလေတယ် အဖိုးထိုက်အောင် နောက်ထပ်လို့ရယ် အသည်းနှလုံးကို ကျောက်စိမ်းနဲ့မွမ်းမံခြယ် အဖိုးထိုက်အောင် နောက်ထပ်လို့ရယ် အသည်းနှလုံးကို ကျောက်စိမ်းနဲ့မွမ်းမံခြယ်
Lyrics powered by www.musixmatch.com
Get up to 2 months free of Apple Music
instagramSharePathic_arrow_out