Lyrics

စောင်းကြိုးခတ်သံ သဲ့သဲ့လေးကြားနေတယ် ညည်းတွားရှိုက်သံ ယဲ့ယဲ့လေးကြားနေတယ် လောကအလှ သူနာကြည်းသွားလို့ဖြစ်မယ် ထင်တယ် အို အို မိန်းကလေးရယ် ဘယ်သူ့အတွက်လဲ ခေါင်းလောင်းထိုးသံ သဲ့သဲ့လေးကြားနေတယ် ဆည်းလည်းတိုးသံ ရေးရေးလေးကြားနေတယ် လောကဓမ္မ သူမြင်သိသွားလို့ဖြစ်မယ် ထင်တယ် အို အို့ ခေါင်းလောင်းထိုးသံ ဘယ်သူ့အတွက်လဲ နောက်ဆုံးမို့မေးရဦးမယ် ဘယ်သူ့အတွက်ရှိုက်တာလဲ စောင်းကြိုးရှိုက်သံရယ် ပျောက်ဆုံးလို့သွားခဲ့ရတဲ့ အို သူ့အတွက်ရှိုက်တာလား ငြီးတွားရှိုက်သံရယ် နောက်ဆုံးမို့မေးရဦးမယ် ဘယ်သူ့အတွက်ထိုးတာလဲ ခေါင်းလောင်းထိုးသံရယ် ပျောက်ဆုံးလို့သွားခဲ့ရတဲ့ အို သူ့အတွက်ထိုးတာလား ခေါင်းလောင်းထိုးသံရယ် ခေါင်းလောင်းထိုးသံရယ် လား လား လားလာလား လား လား လားလာလား ခေါင်းလောင်းထိုးသံ သဲ့သဲ့လေးကြားနေတယ် ဆည်းလည်းတိုးသံ ရေးရေးလေးကြားနေတယ် လောကဓမ္မ သူမြင်သိသွားလို့ဖြစ်မယ် ထင်တယ် အို အို့ ခေါင်းလောင်းထိုးသံ ဘယ်သူ့အတွက်လဲ နောက်ဆုံးမို့မေးရဦးမယ် ဘယ်သူ့အတွက်ထိုးတာလဲ ခေါင်းလောင်းထိုးသံရယ် ပျောက်ဆုံးလို့သွားခဲ့ရတဲ့ အို သူ့အတွက်ထိုးတာလား ခေါင်းလောင်းထိုးသံရယ် ခေါင်းလောင်းထိုးသံရယ် လား လား လားလာလား
Lyrics powered by www.musixmatch.com
Get up to 2 months free of Apple Music
instagramSharePathic_arrow_out